Sunday, April 5, 2015

ကားတိုက်ခံရပေမယ့် သေကံမရောက်သက်မပျောက်တဲ့ ခွေးကလေးဖိုးကံကောင်း


ကားကို အရှိန်ပြင်းစွာမောင်းနှင်လာခဲ့ တဲ့ ရှောင်ဟာ ရုတ်တရက် ခွေးတစ်ကောင်ကို ဝင်တိုက်
မိခဲ့ပါတယ်။ ပြင်းထန်စွာတိုက်မိခြင်းဖြစ်တာကြောင့် ရှောင်က သူတိုက်မိတဲ့ခွေးဟာ သေဆုံးသွားပြီ၊ ဒါမှ မဟုတ် ကံကောင်းရင်လည်း ထွက် ပြေးသွားပြီလို့ယူဆကာ ကားပေါ် က ဆင်းမကြည့်တော့ဘဲ ဆက် လက်မောင်းနှင်ခဲ့ပါတယ်။
မကြာခင်မှာတော့ ကားရှေ့က ခွေးဟောင်သံတွေ ကြားလာရတဲ့အတွက် ရှောင်ဟာ ကားပေါ်ကဆင်းပြီး ကြည့်ခဲ့ပါ တယ်။ မြင်ကွင်းကတော့ မယုံနိုင်စရာပါပဲ။ ပုံမှာမြင်ရ တဲ့အတိုင်း တိုက်မိခဲ့တဲ့ခွေးလေးဟာ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိဘဲ ကားရှေ့ဘမ်ပါခြားထဲ ညှပ်ဝင်နေတာကို တွေ့ရှိခဲ့ပါတယ်။ အခြေအနေကတော့ ခွေးကိုပြန်ထုတ် ယူဖို့ မလွယ်ကူတာနဲ့ တစ်ယောက်တည်း မထုတ်ရဲ တာကြောင့် ရှောင်ဟာ ကားကို ¤င်းနေထိုင်တဲ့ ၂၄၈ မိုင်အကွာ ဖန်ဟောင်းမြို့က တိရစ္ဆာန်ဆေးကုခန်းအထိ ဒီအတိုင်း မောင်းနှင်သွားခဲ့ပါတယ်။
ဆေးခန်းရောက်တဲ့အချိန်မှာတော့ ကား ရှေ့ဘမ်ပါမှာညပ်နေတဲ့ ခွေးလေးကို ကယ်ထုတ်နိုင် ခဲ့ပြီး အခုအခါ ရှောင်နဲ့တောင် ရင်းနှီးတဲ့မိတ်ဆွေတွေ ဖြစ်နေကြပြီလို့ သိရပါတယ်။ ရှောင်က ခွေးကိုတွေ့တဲ့ အချိန်မှာ ရေတိုင်ကီနဲ့ အနည်းငယ်အလှမ်းကွာမှုကြောင့် သာ ကားကို ၂၄၈မိုင်အကွာထိ ဒီအတိုင်း မောင်းခဲ့ ခြင်းဖြစ်တယ်လို့ ပြောပြပါတယ်။
Yangon Media Group

No comments: