Sunday, April 5, 2015

လက ကမ္ဘာ့အရိပ်ကို ဖြတ်သန်းသွားစဉ် ဖြစ်ပေါ်သည့် လကြတ်ခြင်းကို လော့စ်အိန်ဂျလိစ့်တွင် တိုက်ရိုက်ထုတ်လွှင့်ပြသ

အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ့်မှာရှိသည့် ရစ်ဖစ်သ် အော့ဗဇာဗစ်ထရီမှ လက ကမ္ဘာ့အရိပ်ကို
ဖြတ်သန်းသွားစဉ် ဖြစ်ပေါ်သည့် လကြတ်ခြင်းကို ဧပြီလ (၄)ရက်နေ့ညက တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ကြောင်း သိရပါသည်။ လကြတ်ခြင်းဖြစ်စဉ်ဟာ နေ၊ ကမ္ဘာ၊လတို့ တစ်တန်းတည်းဖြစ်စဉ် လက ကမ္ဘာ့အရိပ်ကို ဖြတ်သန်းသွားချိန် တစ်နှစ်ကို (၂)မိနစ် သို့မဟုတ် (၃)မိနစ်ခန့် ဖြစ်ပေါ်လေ့ရှိပါသည်။ လပြည့်ဝန်းဟာ အမှောင်ရိပ်ထဲသို့ တဖြည်းဖြည်းဝင်ရောက်ကာ တောက်ပသည့် လ၀န်းမှ အရောင်မှိန်သွားခြင်းဖြစ်ပေမယ့် အပြည့်အ၀ မှောင်သွားခြင်းမျိုးမဟုတ်ဘဲ ကြေးနီရောင်ဖျော့ဖျော့ (သို့)အနီရောင်အဖြစ် ပြောင်းလဲသွားခြင်းဖြစ်ကြောင်း ရိုက်တာသတင်းတစ်ရပ်အရ သိရှိရပါသည်

No comments: